User guide

563
မြန်မာ
မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော အရာဝတ္ထုများကို မဖြန့်ဖြူးပါနှင့်။
မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော အရာဝတ္ထုများကို အချက်အလက်ပိုင်ရှင်၏
ခွင့်ပြုချက်မရှိဘဲ မဖြန့်ဖြူးပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် မူပိုင်ခွင့်ဥပဒေများကို
ချိုးဖောက်နိုင်သည်။ ထုတ်လုပ်သူများသည် အသုံးပြုသူ၏ မူပိုင်ခွင့်ရှိသော
အရာဝတ္ထုများကို တရားမ၀င်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော
တရားရေးကိစ္စများအတွက် တာဝန်မရှိပေ။
မဲလ်ဝဲနှင့် ဗိုင်းရပ်စ်များ
သင်၏ device ကို မဲလ်ဝဲနှင့် ဗိုင်းရပ်စ်များထံမှ ကာကွယ်ရန်
ဒီအသုံးပြုမှု အချက်အလက်များကို လိုက်နာပါ။
ထိုသို့ပြုလုပ်ရန် ပျက်ကွက်ခြင်းသည် ပျက်စီးခြင်း(သို့မဟုတ်)
အာမခံဝန်ဆောင်မှုကို ပျက်ပြယ်စေနိုင်သည့် ဒေတာဆုံးရှုံးမှုများကို
ဖြစ်စေနိုင်သည်။
မသိသော အက်ပလီကေးရှင်းများကို ဒေါင်းလုပ် လုပ်ပါ။
မယုံကြည်ရသော ၀က်ဘ်ဆိုဒ်များကို ၀င်မကြည့်ပါနှင့်။
မသိသော ပေးပို့သူများ၏ သံသယဖြစ်ဖွယ် စာတိုများနှင့် အီးမေးလ်မျာကို
ဖျက်ပစ်ပါ။
လျှို့ဝှက်နံပါတ်ထားပြီး ၄င်းကို ပုံမှန် ပြောင်းပေးပါ။
Bluetooth ကဲ့သို့ ကြိုးမဲ့ကဏ္ဍများကို အသုံးမပြုပါက ပိတ်ထားပါ။
Device သည် ပုံမှန်မဟုတ် ပြုမူနေလျှင် ဗိုင်းရပ်စ်ဝင်ရောက်မှုအတွက်
ဗိုင်းရပ်စ်သတ် ပရိုဂရမ်ကို ထည့်ပါ။
သင်သည် အသစ် ဒေါင်းလုပ် လုပ်ထားသော အက်ပလီကေးရှင်းများနှင့်
ဖိုင်များကို မစတင်ခင် ဗိုင်းရပ်စ်သတ် ပရိုဂရမ်ကို လုပ်ဆောင်ပါ။